RSS
This nice dating theme is compatible with WordPress 2.8, ready for threaded comments come with WP 2.8, and tested on various major web browsers. For better usability, we integrated the widely.
ads

မြန်မာနိုင်ငံနှင့် အာမခံ

Nov 9, 2009




မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း ၁)

ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသည် အာမခံ (Insurance) နှင့် အကျွမ်းတ၀င် မရှိကြပါဘူး။

ဘာဖြစ်လို့လည်း ဆိုတာကို ကြည့်လိုက်တဲ့အခါ ... ဒီအချက်လေးတွေကိုတွေ့ရပါတယ်။

  • မြန်မာနိုင်ငံမှာ အာမာခံလုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ခွင့်ရှိတာသည် အစိုးရပိုင် မြန်မာ့ အာမခံလုပ်ငန်း တစ်ခုသာရှိခြင်း။

  • ထိုမြန်မာ့အာမခံလုပ်ငန်းမှ မြန်မာပြည်သူပြည်သားများအား အာမခံနှင့်ပတ်သက်သော အသိပညာ ဗဟုသုတ ဖြန့်ဝေပေးမှု အားနည်းခြင်း၊

  • မြန်မာ့အာမခံလုပ်ငန်းတွင် ထားရှိနိုင်သော အာမခံ အမျိုးအစား အကန့်အသတ်ရှိနေခြင်း၊ အာမခံတန်ဖိုး (sum insured) အကန့်အသတ်ရှိနေခြင်း၊ လုပ်ငန်းဆောင်တာများဆောင်ရွက်ရတွင် အချိန်ကြာခြင်း၊

  • မြန်မာပြည်သူအများစုသည် ကိုယ်ဖြစ် ကိုယ်ခံ (ကံကိုသာ အပြစ်ဖို့) ဆိုတဲ့ အယူအဆစွဲနေခြင်း၊

အထက်ပါအကြောင်းအချက်များကြောင့် မြန်မာနိုင်ငံတွင် အာမခံ လုပ်ငန်း၊ အာမခံထားရှိမှုမှာ ထွန်းကား သင့်သလောက် မထွန်းကား ဖြစ်နေပါသည်ဟု ကျွန်တော်မြင်မိပါသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ရှိနေခြင်း၊ ထပ်မံဝင်ရောက် လာနိုင်ခြင်း၊ တို့အပြင် မြန်မာ ပြည်သူပြည်သားများနှာလည်း နာဂစ် အလွန်တွင် အာမခံ ကို စိတ်ဝင်စားလာခြင်း စသည့်အချက်များကြောင့် များမကြာမှီတွင် အာမခံလုပ်ငန်း နှင့် အာမခံထားရှိမှု များ တိုးတက်လာမည်ဟု ကျွန်တော်ယူဆပါသည်။

ထို့ကြောင့် ဒီနေရာမှ နေ့ပြီး အာမခံ (insurance) နဲ့ ပတ်သက်ပြီး ကျွန်တော်နားလည်သလောက် သိသလောက်ကို ဝေငှ သွားလိုပါတယ်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment