RSS
This nice dating theme is compatible with WordPress 2.8, ready for threaded comments come with WP 2.8, and tested on various major web browsers. For better usability, we integrated the widely.
ads

Junior PM ဘဝ အတွေ့အကြုံများ (Part 1)

Nov 8, 2009

အလုပ်ပြောင်း လိုက်ခြင်းဖြစ်ပါတယ်။ အလုပ်ပြောင်းရတဲ့ အဓိက အကြောင်းရင်းကတော့ လစာပုံမှန် မရတာပါ။

ရုံးအသစ် ကို report လုပ်တော့ customer ဆီမှာ ရုံးထိုင်ရမယ် ဆိုပြီး Director ကလိုက်ပို့ပါတယ်။ လမ်းမှာ ဟိုပြောဒီပြော နဲ့ ကျွန်တော်ကိုင်ရမဲ့ ပရောဂျက် အကြောင်းရောက်လာပါတယ်။ Customer ကအတော် ချီးများကြောင်း၊ ဒီပရောဂျက်က ၆လ နဲ့ပြီးရမဲ့ ပရောဂျက် ဖြစ်ကြောင်း၊ တန်ဖိုး စင်ကာပူဒေါ်လာ နှစ်သိန်းခန့် သာရှိတဲ့ ပရောဂျက် ပေမဲ့ နောက်ကျ နေတဲ့အတွက် အတော်လေး အရှုံးပေါ်နေကြောင်း၊ တတ်နိုင်သလောက် အမြန်ဆုံး အဆုံးသတ်ပေးစေချင်ကြောင်း ပြောပါတယ်။

ပြောပုံ အရဆို ခက်ခဲမဲ့ Customer နဲ့ ရှုပ်ထွေးတဲ့ Project ပဲပေါ့။ ဒါပေမဲ့ စိတ်မပူတတ်တဲ့ ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ လက်ရှိ တာဝန်ယူထားတဲ့ Project Manager က ၁ရက် တိတိ တာဝန်လွှဲအပ်ပေးပါတယ်။ ၁ရက်အတွင်း မှတ်နိုင်သမျှ မှတ်ပြီး လက်ခံလိုက်ရပါတယ်။

ကျွန်တော် တာဝန်ယူရတဲ့ team မှာ ၃ ယောက်ပါပါတယ်။ Web Services နဲ့ BizTalk Server အတွက် တရုတ်ပြည်ကြီးမှ အသက် ၄၀ ကျော်ခန့် programmer တယောက်၊ ကျွန်တော်ထက် ၁ နှစ်လောက်ပို ကြီးတဲ့ Singaporean programmer တယောက်နဲ့ မြန်မာ programmer ကောင်မလေး ၁ယောက်ပါ။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment