RSS
This nice dating theme is compatible with WordPress 2.8, ready for threaded comments come with WP 2.8, and tested on various major web browsers. For better usability, we integrated the widely.
ads

Junior PM ဘဝ အတွေ့အကြုံများ (Part 1)

0 comments

Nov 8, 2009

အလုပ်ပြောင်း လိုက်ခြင်းဖြစ်ပါတယ်။ အလုပ်ပြောင်းရတဲ့ အဓိက အကြောင်းရင်းကတော့ လစာပုံမှန် မရတာပါ။

ရုံးအသစ် ကို report လုပ်တော့ customer ဆီမှာ ရုံးထိုင်ရမယ် ဆိုပြီး Director ကလိုက်ပို့ပါတယ်။ လမ်းမှာ ဟိုပြောဒီပြော နဲ့ ကျွန်တော်ကိုင်ရမဲ့ ပရောဂျက် အကြောင်းရောက်လာပါတယ်။ Customer ကအတော် ချီးများကြောင်း၊ ဒီပရောဂျက်က ၆လ နဲ့ပြီးရမဲ့ ပရောဂျက် ဖြစ်ကြောင်း၊ တန်ဖိုး စင်ကာပူဒေါ်လာ နှစ်သိန်းခန့် သာရှိတဲ့ ပရောဂျက် ပေမဲ့ နောက်ကျ နေတဲ့အတွက် အတော်လေး အရှုံးပေါ်နေကြောင်း၊ တတ်နိုင်သလောက် အမြန်ဆုံး အဆုံးသတ်ပေးစေချင်ကြောင်း ပြောပါတယ်။

ပြောပုံ အရဆို ခက်ခဲမဲ့ Customer နဲ့ ရှုပ်ထွေးတဲ့ Project ပဲပေါ့။ ဒါပေမဲ့ စိတ်မပူတတ်တဲ့ ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ လက်ရှိ တာဝန်ယူထားတဲ့ Project Manager က ၁ရက် တိတိ တာဝန်လွှဲအပ်ပေးပါတယ်။ ၁ရက်အတွင်း မှတ်နိုင်သမျှ မှတ်ပြီး လက်ခံလိုက်ရပါတယ်။

ကျွန်တော် တာဝန်ယူရတဲ့ team မှာ ၃ ယောက်ပါပါတယ်။ Web Services နဲ့ BizTalk Server အတွက် တရုတ်ပြည်ကြီးမှ အသက် ၄၀ ကျော်ခန့် programmer တယောက်၊ ကျွန်တော်ထက် ၁ နှစ်လောက်ပို ကြီးတဲ့ Singaporean programmer တယောက်နဲ့ မြန်မာ programmer ကောင်မလေး ၁ယောက်ပါ။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စင်ကာပူ IT လောက နောက်ခံ Background

0 comments
စင်ကာပူ IT လောက နောက်ခံ ကို ပြောရမယ် ဆိုရင် စင်ကာပူအစိုးရ ရဲ့ ပါဝင်မှု ကနေ စတင်ရမှာပါ။ စင်ကာပူ မှာ လုပ်ငန်း အတော်များများဟာ အစိုးရပိုင်ခြင်း ၊ အစိုးရထံ သို့ရောင်းချနေရခြင်း စသဖြင့် အစိုးရ နှင့် ပတ်သက် ဆက်နွယ်လျှက် ရှိပါတယ်။ စင်ကာပူ အစိုးရ၏ e-Government initiatives များကလည်း စင်ကာပူ IT လောကအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်စေပါ တယ်။

အထင်ရှားဆုံး ဥပမာ ပေးရရင် SOE လို့ခေါ်တဲ့ Standard Operating Environment ပရောဂျက် ပါ။ နောက်မှအသေးစိတ် ဖော်ပြပါ့မယ်။

အတိုချုပ် ပြောရရင် စင်ကာပူလောက နောက်ခံတွင် စင်ကာပူ အစိုးရသည် ရာနှုန်းပြည့် ပါဝင်နေပါတယ် လို့ဆိုပါရစေ
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စင်ကာပူ IT မှတ်စု များ

0 comments
စင်ကာပူ ရောက် မြန်မာ IT သမားများဟာ စင်ကာပူ IT လောကရဲ့ နေရာစုံမှာ ဝင်ရောက် လုပ်ကိုင်ကြပါတယ်၊ အများအားဖြင့် တော့ system administrator, network administrator နဲ့ progammer များဖြစ်ကြပါတယ်။ ဒီလို ဝင်ရောက်လုပ်ကိုင်ရာ မှာ နယ်ပယ်အလိုက် ကြုံတွေ့ရလေ့ ရှိတဲ့ အတွေ့အကြုံ မျိုးစုံ တွေရှိပါတယ် ။
ကျွန်တော် တွေ့ကြုံ ခဲ့ရသော အငယ်တမ်း Project Manager အတွေ့အကြုံအချို့နဲ့ စင်ကာပူအစိုးရ ဌာန တခုရဲ့ Senior Systems Analyst အတွေ့အကြုံများကို ဒီဘလော့ ကနေ ဝေမျှ ပေးသွားမှာပါ ။ အတွေ့အကြုံများကို တိကျသောအချက်အလက်များ ဖြင့်အတတ်နိုင်ဆုံး ဖော်ပြပေးသွားပါ့မယ် ။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နောက်ဆုံးနေ့

0 comments
ပြီးခဲ့တာတွေက ပြီးခဲ့ပြီ
ဘာကိုနောက်လှည့်ကြည့်နေရအုံးမှာလည်း
ဒါတကယ် နောက်ဆုံး
နောက်ဆုံးနေ့
ငါ အသစ်ဖြစ်သွားပြီ
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS