RSS
This nice dating theme is compatible with WordPress 2.8, ready for threaded comments come with WP 2.8, and tested on various major web browsers. For better usability, we integrated the widely.
ads

မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း - ၂)

Nov 9, 2009


မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း - ၂)
(အာမခံရဲ့ သမိုင်း)

အာမခံလုပ်ငန်း ကမ္ဘာပေါ်မှာ ဘယ်လိုပေါက်ပေါက်လာတာလည်းဆိုတော့... တစ်ဖြည်းဖြည်း တစ်ဖြည်း ပြုပြင်ပြောင်းလဲ ပြီးပေါ်ပေါက်လာတာပါ

ဥပမာ -

  • လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူတွေ စုဖွဲ့နေထိုင်ကြတယ်။ အဲလိုမျိုးနေထိုင်ရာမှာ အဲဒီ့အစုအဖွဲ့ထဲက လူတစ်ဦးရဲ တဲ တစ်တဲ မီးလောင်တယ်ဆိုရင် ... ကျန်တဲ့လူများက ၀ိုင်းဝန်းပြီး အသစ်ပြန်ဆောက်ပေးတယ်.. ဒါ အာမခံ ရဲ့ အစပါပဲ

  • ပြီးတော့.. ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးတွေ ခေတ်စားတော့.. ကုန်သည်တွေဟာ သူတို့ ကုန်ပစ္စည်းတွေကို သင်္ဘောတစ်စင်းထဲနဲ့ မသယ်ဘူး .. ဟို သင်္ဘောနည်းနည်း.. ဒီသင်္ဘောနည်းနည်း ခွဲသယ်ကြတယ်.. တစ်စီး နစ်တာနဲ့ ကိုယ့်ပစ္စည်း အကုန်မကုန်ဘူးပေါ့... risk ကို ခွဲလိုက်တာပေါ.. အဲဒါလည်း အာမခံ သဘောတရားပါပဲ

  • နောက်ပိုင်း.. သင်္ဘော (မော်တော်) ပိုင်ရှင်တွေဟာ.. သူတို့ သင်္ဘောတွေ နစ်တော့ တစ်ယောက်ထည်း ခံရတော့ အရမ်းနစ်နာတယ်.. ပြန်ပြီး ပိုင်ဆိုင်ဖို့ အတော်ပြန်ကြိုးစားရတယ်.. အဲဒါနဲ့ မော်တော် ပိုင်သူတွေ စုပြီး တစ်ယောက် ငွေဘယ်လောက် ထည့်ရမယ်ဆိုပြီး သတ်မှတ်ချက်တစ်ခု လုပ်လိုက်ကြတယ်... အဲ့ ငွေ တွေကို စုထားပြီး.. တစ်ကယ်လို့များ တစ်ယောက်ယောက် ရဲ့ မော်တော် နစ် တယ်.. ပျက်စီးတယ်ဆိုရင် အဲ ဘုံပိုင် ငွေထဲကနေပြီး ပြန်လျော်ပေးတယ်ပေါ့.. အဲဒါလည်း သင်္ဘော အာမခံ (Hull Insurance) ရဲ့ အစပါပဲ...

  • နောက်ပိုင်းမှာ လူတွေက မသမာတဲ့နည်းတွေ သုံးပြီး (မော်တော် အိုဟောင်းလာမှ တမင်တကာ ပျက်စီးအောင်လုပ်ခြင်း) လိမ်လည် လာကြတော့.. ဘယ်လိုမှ ဘုံငွေကိုသုံးပြီး မော်တော် အသစ်ဝယ်ခွင့်ရမယ်.. ဘယ်လိုဆိုရင်တော့.. အပြည့်အ၀ မပေးဘူး .. တစ်ဝက်ပဲပေးမယ်.. စသည်ဖြင့် စည်းကမ်းတွေ သတ်မှတ်လာတာ ဟာလည်း အခုဖြစ်ပေါ်နေတဲ့ အာမခံစာချုပ် (insurance policy wording) တွေရဲ့အစပါပဲ။

မြန်မာနိုင်ငံကိုတော့ အာမခံ ဘယ်အချိန်ကစပြီး ရောက်ရှိလာတယ်.. ထွန်းကားလာတာကို အတိအကျ မသိရှိရပေမယ့်... အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲ နဲ့အတူ .. ဗြိတိသျှ စစ်သားတွေရဲ့ အသက်အာမခံ နဲ့ ပတ်သက်ပြီး စတယ်လို့ ယူဆရပါတယ်။

ဒီနေရာမှာ တစ်လက်စတည်း .. အာမခံဆိုတာ ဘာလည်းဆိုတာလေး ကိုပြောချင်ပါတယ်

အာမခံဆိုသည်မှာ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသော ဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးနစ်နာ ဆုံးရှုံးမှုများကို နဂိုမူလရှိရင်းစွဲအတိုင်း ပြန်လည်ရင်းစားရရှိရေးအတွက် လျော်ကြေးပေးရန် တာဝန်ကို ယူထားခြင်းပင်ဖြစ်သည်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment