RSS
This nice dating theme is compatible with WordPress 2.8, ready for threaded comments come with WP 2.8, and tested on various major web browsers. For better usability, we integrated the widely.
ads

မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း - ၃)

Nov 9, 2009


မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း - ၃)
(အဓိက အာမခံ အမျိုးအစားများ)

တစ်ခြားအကြောင်းတွေ မဆက်ခင် ကမ္ဘာပေါ်မှာ အသုံးပြုနေကြတဲ့ ထင်ရှားပြီး အသုံးများတဲ့ အာမခံ အမျိုးအစားများကို ပြောပြချင်ပါတယ်။

၁) Property Insurance (အိမ်၊ စက်ရုံ၊ ဟိုတယ်၊ ဘောလုံးကွင်း စသည့် ပိုင်ဆိုင်မှုများကို မီး နှင့် အခြား သဘာဝ ဘေးအန္တရာယ် ကြောင့် ပျက်စီး ဆုံးရှုံးခြင်းမှ ကာကွယ်ရန်)

၂) Liability Insurance (လူတစ်ဦး၊ ဒါမှ မဟုတ် အဖွဲ့အစည်း တစ်ခုမှ ၄င်းတို့၏ လုပ်ဆောင်ချက်ကြောင့် သူများအကျိုးပျက်စီး ပါက ပေးလျော်ရမည့် အတွက် အာမခံ - ဥပမာ - အလုပ်သမား ထိခိုက်မှု အာမခံ)

၃) Motor Insurance (မော်တော်ကား ပျက်စီးဆုံးရှုံးခြင်း၊ မိမိမော်တော်ကားကြောင့် သူတစ်ပါး ပျက်စီး ဆုံးရှုံးခြင်းအတွက် အာမခံ)

၎) Marine & Aviation Insurance (ရေကြောင်း၊ လေကြောင်းအာမခံ)

၅) Construction And Engineering Insurance (ဆောက်လုပ်ရေးလုပ်ငန်းများ၊ အင်ဂျင်နီယာလုပ်ငန်းများမှ ဖြစ်ပေါ်လာနိုင်တော့ ပျက်စီးမှု ဆုံးရှုံးမှု၊ သူတစ်ပါးထိခိုက်မှု တို့အတွက် အာမခံ ဥပမာ - အဆောက်အအုံဆောက်လုပ်စဉ် ပြိုကျခြင်းအတွက် အာမခံ)

၆) Business Interruption Insurance (သဘာဝဘေး စသည့်အကြောင်းများကြောင့် လုပ်ဆောင်နေသည့် လုပ်ငန်းများ စီးပွားရေးများ အချိန်အတိုင်းအတာ တစ်ရပ် အထိ ဆက်လက်မလုပ်ဆောင်နိုင်သောကြောင့် ဆုံးရှုံးသည့် ၀င်ငွေ အတွက် အာမခံ - ဥပမာ - ဟိုတယ်တစ်ခု မီးလောင်သဖြင့် ပြုပြင်နေစဉ်ကာလအတွက် ဟိုတယ်၏ ပုံမှန် ၀င်ငွေအတွက် အာမခံ)

၇) Pecuniary Insurance (ငွေရေးကြေးရေးဆိုင်ရာဆုံးရှုံးမှုများအတွက် အာမခံ - ဥပမာ - တစ်နေရာမှ တစ်နေရာသို့ ငွေကြေးများသယ်ဆောင်စဉ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး၊ ပျောက်ဆုံးမှုများအတွက်အာမခံ)

၈) Personal Accident Insurance (မတော်တဆထိခိုက်မှု အတွက်အာမခံ)

၉) Life Insurance (အသက်အာမခံ)

၁၀) Travel Insurance (ခရီးသွားအာမခံ - ဥပမာ - ခရီးဆောင်အိပ်ပျက်စီး ပျောက်ဆုံးခြင်း)

အထက်ပါ ခေါင်းစဉ် ၁၀ ခုသည် အသုံးများသော အာမခံအမျိုးအစားများဖြစ်ပါသည်။ တစ်ခုခြင်း အတွက် အကျယ် ကို နောက်ပိုင်းတွင် ဆက်လက်ရေးသားပါမည်။

(အထက်ပါ အာမခံ အမျိုးအစားအပြင် လိုအပ်ချက်အရ ပြုပြင်ထားသော တစ်ခြား အမျိုးအစားများလည်း ရှိပါသေးသည်။ ဥပမာ - ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခု ကို အာမခံခြင်း)
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment