RSS
This nice dating theme is compatible with WordPress 2.8, ready for threaded comments come with WP 2.8, and tested on various major web browsers. For better usability, we integrated the widely.
ads

မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း - ၃)

0 comments

Nov 9, 2009


မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း - ၃)
(အဓိက အာမခံ အမျိုးအစားများ)

တစ်ခြားအကြောင်းတွေ မဆက်ခင် ကမ္ဘာပေါ်မှာ အသုံးပြုနေကြတဲ့ ထင်ရှားပြီး အသုံးများတဲ့ အာမခံ အမျိုးအစားများကို ပြောပြချင်ပါတယ်။

၁) Property Insurance (အိမ်၊ စက်ရုံ၊ ဟိုတယ်၊ ဘောလုံးကွင်း စသည့် ပိုင်ဆိုင်မှုများကို မီး နှင့် အခြား သဘာဝ ဘေးအန္တရာယ် ကြောင့် ပျက်စီး ဆုံးရှုံးခြင်းမှ ကာကွယ်ရန်)

၂) Liability Insurance (လူတစ်ဦး၊ ဒါမှ မဟုတ် အဖွဲ့အစည်း တစ်ခုမှ ၄င်းတို့၏ လုပ်ဆောင်ချက်ကြောင့် သူများအကျိုးပျက်စီး ပါက ပေးလျော်ရမည့် အတွက် အာမခံ - ဥပမာ - အလုပ်သမား ထိခိုက်မှု အာမခံ)

၃) Motor Insurance (မော်တော်ကား ပျက်စီးဆုံးရှုံးခြင်း၊ မိမိမော်တော်ကားကြောင့် သူတစ်ပါး ပျက်စီး ဆုံးရှုံးခြင်းအတွက် အာမခံ)

၎) Marine & Aviation Insurance (ရေကြောင်း၊ လေကြောင်းအာမခံ)

၅) Construction And Engineering Insurance (ဆောက်လုပ်ရေးလုပ်ငန်းများ၊ အင်ဂျင်နီယာလုပ်ငန်းများမှ ဖြစ်ပေါ်လာနိုင်တော့ ပျက်စီးမှု ဆုံးရှုံးမှု၊ သူတစ်ပါးထိခိုက်မှု တို့အတွက် အာမခံ ဥပမာ - အဆောက်အအုံဆောက်လုပ်စဉ် ပြိုကျခြင်းအတွက် အာမခံ)

၆) Business Interruption Insurance (သဘာဝဘေး စသည့်အကြောင်းများကြောင့် လုပ်ဆောင်နေသည့် လုပ်ငန်းများ စီးပွားရေးများ အချိန်အတိုင်းအတာ တစ်ရပ် အထိ ဆက်လက်မလုပ်ဆောင်နိုင်သောကြောင့် ဆုံးရှုံးသည့် ၀င်ငွေ အတွက် အာမခံ - ဥပမာ - ဟိုတယ်တစ်ခု မီးလောင်သဖြင့် ပြုပြင်နေစဉ်ကာလအတွက် ဟိုတယ်၏ ပုံမှန် ၀င်ငွေအတွက် အာမခံ)

၇) Pecuniary Insurance (ငွေရေးကြေးရေးဆိုင်ရာဆုံးရှုံးမှုများအတွက် အာမခံ - ဥပမာ - တစ်နေရာမှ တစ်နေရာသို့ ငွေကြေးများသယ်ဆောင်စဉ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး၊ ပျောက်ဆုံးမှုများအတွက်အာမခံ)

၈) Personal Accident Insurance (မတော်တဆထိခိုက်မှု အတွက်အာမခံ)

၉) Life Insurance (အသက်အာမခံ)

၁၀) Travel Insurance (ခရီးသွားအာမခံ - ဥပမာ - ခရီးဆောင်အိပ်ပျက်စီး ပျောက်ဆုံးခြင်း)

အထက်ပါ ခေါင်းစဉ် ၁၀ ခုသည် အသုံးများသော အာမခံအမျိုးအစားများဖြစ်ပါသည်။ တစ်ခုခြင်း အတွက် အကျယ် ကို နောက်ပိုင်းတွင် ဆက်လက်ရေးသားပါမည်။

(အထက်ပါ အာမခံ အမျိုးအစားအပြင် လိုအပ်ချက်အရ ပြုပြင်ထားသော တစ်ခြား အမျိုးအစားများလည်း ရှိပါသေးသည်။ ဥပမာ - ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခု ကို အာမခံခြင်း)
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း - ၂)

0 comments

မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း - ၂)
(အာမခံရဲ့ သမိုင်း)

အာမခံလုပ်ငန်း ကမ္ဘာပေါ်မှာ ဘယ်လိုပေါက်ပေါက်လာတာလည်းဆိုတော့... တစ်ဖြည်းဖြည်း တစ်ဖြည်း ပြုပြင်ပြောင်းလဲ ပြီးပေါ်ပေါက်လာတာပါ

ဥပမာ -

  • လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူတွေ စုဖွဲ့နေထိုင်ကြတယ်။ အဲလိုမျိုးနေထိုင်ရာမှာ အဲဒီ့အစုအဖွဲ့ထဲက လူတစ်ဦးရဲ တဲ တစ်တဲ မီးလောင်တယ်ဆိုရင် ... ကျန်တဲ့လူများက ၀ိုင်းဝန်းပြီး အသစ်ပြန်ဆောက်ပေးတယ်.. ဒါ အာမခံ ရဲ့ အစပါပဲ

  • ပြီးတော့.. ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးတွေ ခေတ်စားတော့.. ကုန်သည်တွေဟာ သူတို့ ကုန်ပစ္စည်းတွေကို သင်္ဘောတစ်စင်းထဲနဲ့ မသယ်ဘူး .. ဟို သင်္ဘောနည်းနည်း.. ဒီသင်္ဘောနည်းနည်း ခွဲသယ်ကြတယ်.. တစ်စီး နစ်တာနဲ့ ကိုယ့်ပစ္စည်း အကုန်မကုန်ဘူးပေါ့... risk ကို ခွဲလိုက်တာပေါ.. အဲဒါလည်း အာမခံ သဘောတရားပါပဲ

  • နောက်ပိုင်း.. သင်္ဘော (မော်တော်) ပိုင်ရှင်တွေဟာ.. သူတို့ သင်္ဘောတွေ နစ်တော့ တစ်ယောက်ထည်း ခံရတော့ အရမ်းနစ်နာတယ်.. ပြန်ပြီး ပိုင်ဆိုင်ဖို့ အတော်ပြန်ကြိုးစားရတယ်.. အဲဒါနဲ့ မော်တော် ပိုင်သူတွေ စုပြီး တစ်ယောက် ငွေဘယ်လောက် ထည့်ရမယ်ဆိုပြီး သတ်မှတ်ချက်တစ်ခု လုပ်လိုက်ကြတယ်... အဲ့ ငွေ တွေကို စုထားပြီး.. တစ်ကယ်လို့များ တစ်ယောက်ယောက် ရဲ့ မော်တော် နစ် တယ်.. ပျက်စီးတယ်ဆိုရင် အဲ ဘုံပိုင် ငွေထဲကနေပြီး ပြန်လျော်ပေးတယ်ပေါ့.. အဲဒါလည်း သင်္ဘော အာမခံ (Hull Insurance) ရဲ့ အစပါပဲ...

  • နောက်ပိုင်းမှာ လူတွေက မသမာတဲ့နည်းတွေ သုံးပြီး (မော်တော် အိုဟောင်းလာမှ တမင်တကာ ပျက်စီးအောင်လုပ်ခြင်း) လိမ်လည် လာကြတော့.. ဘယ်လိုမှ ဘုံငွေကိုသုံးပြီး မော်တော် အသစ်ဝယ်ခွင့်ရမယ်.. ဘယ်လိုဆိုရင်တော့.. အပြည့်အ၀ မပေးဘူး .. တစ်ဝက်ပဲပေးမယ်.. စသည်ဖြင့် စည်းကမ်းတွေ သတ်မှတ်လာတာ ဟာလည်း အခုဖြစ်ပေါ်နေတဲ့ အာမခံစာချုပ် (insurance policy wording) တွေရဲ့အစပါပဲ။

မြန်မာနိုင်ငံကိုတော့ အာမခံ ဘယ်အချိန်ကစပြီး ရောက်ရှိလာတယ်.. ထွန်းကားလာတာကို အတိအကျ မသိရှိရပေမယ့်... အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲ နဲ့အတူ .. ဗြိတိသျှ စစ်သားတွေရဲ့ အသက်အာမခံ နဲ့ ပတ်သက်ပြီး စတယ်လို့ ယူဆရပါတယ်။

ဒီနေရာမှာ တစ်လက်စတည်း .. အာမခံဆိုတာ ဘာလည်းဆိုတာလေး ကိုပြောချင်ပါတယ်

အာမခံဆိုသည်မှာ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသော ဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးနစ်နာ ဆုံးရှုံးမှုများကို နဂိုမူလရှိရင်းစွဲအတိုင်း ပြန်လည်ရင်းစားရရှိရေးအတွက် လျော်ကြေးပေးရန် တာဝန်ကို ယူထားခြင်းပင်ဖြစ်သည်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာနိုင်ငံနှင့် အာမခံ

0 comments



မြန်မာနိုင်ငံနှင့် အာမခံ (အပိုင်း ၁)

ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသည် အာမခံ (Insurance) နှင့် အကျွမ်းတ၀င် မရှိကြပါဘူး။

ဘာဖြစ်လို့လည်း ဆိုတာကို ကြည့်လိုက်တဲ့အခါ ... ဒီအချက်လေးတွေကိုတွေ့ရပါတယ်။

  • မြန်မာနိုင်ငံမှာ အာမာခံလုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ခွင့်ရှိတာသည် အစိုးရပိုင် မြန်မာ့ အာမခံလုပ်ငန်း တစ်ခုသာရှိခြင်း။

  • ထိုမြန်မာ့အာမခံလုပ်ငန်းမှ မြန်မာပြည်သူပြည်သားများအား အာမခံနှင့်ပတ်သက်သော အသိပညာ ဗဟုသုတ ဖြန့်ဝေပေးမှု အားနည်းခြင်း၊

  • မြန်မာ့အာမခံလုပ်ငန်းတွင် ထားရှိနိုင်သော အာမခံ အမျိုးအစား အကန့်အသတ်ရှိနေခြင်း၊ အာမခံတန်ဖိုး (sum insured) အကန့်အသတ်ရှိနေခြင်း၊ လုပ်ငန်းဆောင်တာများဆောင်ရွက်ရတွင် အချိန်ကြာခြင်း၊

  • မြန်မာပြည်သူအများစုသည် ကိုယ်ဖြစ် ကိုယ်ခံ (ကံကိုသာ အပြစ်ဖို့) ဆိုတဲ့ အယူအဆစွဲနေခြင်း၊

အထက်ပါအကြောင်းအချက်များကြောင့် မြန်မာနိုင်ငံတွင် အာမခံ လုပ်ငန်း၊ အာမခံထားရှိမှုမှာ ထွန်းကား သင့်သလောက် မထွန်းကား ဖြစ်နေပါသည်ဟု ကျွန်တော်မြင်မိပါသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ရှိနေခြင်း၊ ထပ်မံဝင်ရောက် လာနိုင်ခြင်း၊ တို့အပြင် မြန်မာ ပြည်သူပြည်သားများနှာလည်း နာဂစ် အလွန်တွင် အာမခံ ကို စိတ်ဝင်စားလာခြင်း စသည့်အချက်များကြောင့် များမကြာမှီတွင် အာမခံလုပ်ငန်း နှင့် အာမခံထားရှိမှု များ တိုးတက်လာမည်ဟု ကျွန်တော်ယူဆပါသည်။

ထို့ကြောင့် ဒီနေရာမှ နေ့ပြီး အာမခံ (insurance) နဲ့ ပတ်သက်ပြီး ကျွန်တော်နားလည်သလောက် သိသလောက်ကို ဝေငှ သွားလိုပါတယ်။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Junior PM ဘဝ အတွေ့အကြုံများ (Part 1)

0 comments

Nov 8, 2009

အလုပ်ပြောင်း လိုက်ခြင်းဖြစ်ပါတယ်။ အလုပ်ပြောင်းရတဲ့ အဓိက အကြောင်းရင်းကတော့ လစာပုံမှန် မရတာပါ။

ရုံးအသစ် ကို report လုပ်တော့ customer ဆီမှာ ရုံးထိုင်ရမယ် ဆိုပြီး Director ကလိုက်ပို့ပါတယ်။ လမ်းမှာ ဟိုပြောဒီပြော နဲ့ ကျွန်တော်ကိုင်ရမဲ့ ပရောဂျက် အကြောင်းရောက်လာပါတယ်။ Customer ကအတော် ချီးများကြောင်း၊ ဒီပရောဂျက်က ၆လ နဲ့ပြီးရမဲ့ ပရောဂျက် ဖြစ်ကြောင်း၊ တန်ဖိုး စင်ကာပူဒေါ်လာ နှစ်သိန်းခန့် သာရှိတဲ့ ပရောဂျက် ပေမဲ့ နောက်ကျ နေတဲ့အတွက် အတော်လေး အရှုံးပေါ်နေကြောင်း၊ တတ်နိုင်သလောက် အမြန်ဆုံး အဆုံးသတ်ပေးစေချင်ကြောင်း ပြောပါတယ်။

ပြောပုံ အရဆို ခက်ခဲမဲ့ Customer နဲ့ ရှုပ်ထွေးတဲ့ Project ပဲပေါ့။ ဒါပေမဲ့ စိတ်မပူတတ်တဲ့ ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ လက်ရှိ တာဝန်ယူထားတဲ့ Project Manager က ၁ရက် တိတိ တာဝန်လွှဲအပ်ပေးပါတယ်။ ၁ရက်အတွင်း မှတ်နိုင်သမျှ မှတ်ပြီး လက်ခံလိုက်ရပါတယ်။

ကျွန်တော် တာဝန်ယူရတဲ့ team မှာ ၃ ယောက်ပါပါတယ်။ Web Services နဲ့ BizTalk Server အတွက် တရုတ်ပြည်ကြီးမှ အသက် ၄၀ ကျော်ခန့် programmer တယောက်၊ ကျွန်တော်ထက် ၁ နှစ်လောက်ပို ကြီးတဲ့ Singaporean programmer တယောက်နဲ့ မြန်မာ programmer ကောင်မလေး ၁ယောက်ပါ။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စင်ကာပူ IT လောက နောက်ခံ Background

0 comments
စင်ကာပူ IT လောက နောက်ခံ ကို ပြောရမယ် ဆိုရင် စင်ကာပူအစိုးရ ရဲ့ ပါဝင်မှု ကနေ စတင်ရမှာပါ။ စင်ကာပူ မှာ လုပ်ငန်း အတော်များများဟာ အစိုးရပိုင်ခြင်း ၊ အစိုးရထံ သို့ရောင်းချနေရခြင်း စသဖြင့် အစိုးရ နှင့် ပတ်သက် ဆက်နွယ်လျှက် ရှိပါတယ်။ စင်ကာပူ အစိုးရ၏ e-Government initiatives များကလည်း စင်ကာပူ IT လောကအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်စေပါ တယ်။

အထင်ရှားဆုံး ဥပမာ ပေးရရင် SOE လို့ခေါ်တဲ့ Standard Operating Environment ပရောဂျက် ပါ။ နောက်မှအသေးစိတ် ဖော်ပြပါ့မယ်။

အတိုချုပ် ပြောရရင် စင်ကာပူလောက နောက်ခံတွင် စင်ကာပူ အစိုးရသည် ရာနှုန်းပြည့် ပါဝင်နေပါတယ် လို့ဆိုပါရစေ
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စင်ကာပူ IT မှတ်စု များ

0 comments
စင်ကာပူ ရောက် မြန်မာ IT သမားများဟာ စင်ကာပူ IT လောကရဲ့ နေရာစုံမှာ ဝင်ရောက် လုပ်ကိုင်ကြပါတယ်၊ အများအားဖြင့် တော့ system administrator, network administrator နဲ့ progammer များဖြစ်ကြပါတယ်။ ဒီလို ဝင်ရောက်လုပ်ကိုင်ရာ မှာ နယ်ပယ်အလိုက် ကြုံတွေ့ရလေ့ ရှိတဲ့ အတွေ့အကြုံ မျိုးစုံ တွေရှိပါတယ် ။
ကျွန်တော် တွေ့ကြုံ ခဲ့ရသော အငယ်တမ်း Project Manager အတွေ့အကြုံအချို့နဲ့ စင်ကာပူအစိုးရ ဌာန တခုရဲ့ Senior Systems Analyst အတွေ့အကြုံများကို ဒီဘလော့ ကနေ ဝေမျှ ပေးသွားမှာပါ ။ အတွေ့အကြုံများကို တိကျသောအချက်အလက်များ ဖြင့်အတတ်နိုင်ဆုံး ဖော်ပြပေးသွားပါ့မယ် ။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နောက်ဆုံးနေ့

0 comments
ပြီးခဲ့တာတွေက ပြီးခဲ့ပြီ
ဘာကိုနောက်လှည့်ကြည့်နေရအုံးမှာလည်း
ဒါတကယ် နောက်ဆုံး
နောက်ဆုံးနေ့
ငါ အသစ်ဖြစ်သွားပြီ
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူရိုင်း

0 comments

Nov 6, 2009

လူရိုင်း

အပြုံးအတုနဲပြုံးပြတတ်မှ
ယဉ်ကျေးသတဲ့လား
အဲဒီအတွက်
ကျွန်တော် လူရိုင်း

ကျေးဇူးရှိမှကျေးစွတ်တယ်တဲ့
ကျေးဇူးမှာရိုးသားမှုရာခိုင်နှုန်းကို
စစ်ဆေးခံရဲသလားမေးတော့
ကျွန်တော် လူရိုင်း

ပြည့်ရှင်မင်းသေတော့ နတ်ရွာစံ
သူတောင်းစားသေတော့ မသာ
မြေကြီးထဲရောက်တာတူတူကို
သူကမြင့်မြတ်ချင်သေးတယ်ပြောတော့
ကျွန်တော် လူရိုင်း


နောက်ဘက်က အစွယ်တွေကို
စကားလှလှနဲ့ ဖုံးကွယ်ရင်း
အမြတ်ထုတ်ချင်တဲ့လူတွေအတွက်
ကျွန်တော် လူရိုင်း

ကိုယ်ကိုတိုင်မစင်ကြယ်ပဲ
တောင်းဆိုတော့ ရိုးသားမှုတဲ့
ကျုပ်မတတ်နိုင်ဘူး ခပ်ပြတ်ပြတ်ပြောတော့
ကျွန်တော် လူရိုင်း

မိုးခါးရေတွေချိုတဲ့နေ့
လူတွေဆီက သင်ချင်သေးတယ်
သူတို့ပြောတဲ့ ဆက်ဆံရေးဆိုတာကို ...။

နီမောင်

www.shwemawgyun.co.cc

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နက်ဖြန်

0 comments
မြန်မာစံတော်ချိန် - ၁၂ နာရီ၊ ၄၀ မိနစ်

နက်ဖြန် ညနေဆိုရင်တော့ ပရီးမီးယားလိဒ် ပွဲတွေ ကြည်ရတော့မယ်ဆိုလေတော့ ဘောလုံးဝါသနာအိုးများ တော့မှာဖြင့် ပျော်နေကြမှာ သေချာတယ်။ အဲ.. ဆန်းဒေးမှာ ချယ်ဆီး - မန်ယူ ပွဲကြီး ပွဲကောင်းလည်း ရှိလေတော့ဖြင့် အတိုင်းထက်အလွန် ဖြစ်နေတော့မဲ့ စနေ၊ တနင်္ဂနွေပေါ့။

တစ်ပတ်လုံး အလုပ်လုပ်လာတဲ့ ၀န်ထမ်းတွေလည်း ထမ်းထားတဲ့ ၀န်တွေ ခဏ ချပြီး အပန်းဖြေတဲ့အချိန်လေးပေါ့.. အပန်းဖြေတယ်ဆိုတာကတော့ အမျိုးမျိုးပေါ့လေ.. ငွေကုန်ခံနိုင်လေ. ပိုကောင်းလေလို့ ဆိုပေမယ့်လည်းးး ကျွန်တော်တော့်အတွက်တော့ ဘောပွဲလေး တစ်ပွဲကို လက်ဖက်ရည်လေးတစ်ခွက် ... ဆေးလိပ်လေးတစ်လိပ် ဖွာ ပြီး ကြည့်ရတာလည်း အပန်းပြေသကိုးဗျာ့

ဒါထက် ပိုလန်းချင်ရင်တော့ မစို့မပို့လေး လောင်းပြီး ကြည်တယ်ဗျားးး ဒါဆိုရင်တော့ဖြင့် ပို့ပြီး ရန်ခုန်စရာ ကောင်းသဗျို့.. အဲလောင်းတာလေးလည်းနိုင် လိုက်တယ်. ကိုယ်အားပေးတဲ့အသင်းလည်း နိုင်တယ် ဆိုရင်ဖြင့် အတိုင်းထက်အလွန်ပေါ့ဗျာ...

စနေ့ပွဲလောင်းလို့နိုင်ရင်ဖြင့်.. တနင်္ဂနွေ တစ်ပွဲလောက်တော့ ဘီယာလေးငုံပြီး ကြည့်ချင်သေးရယ်ဗျာ...

ကဲကဲ တနင်္ဂနွေနေ့ ဘီယာ ငုံနိုင်အောင်... ဗီလာ ပေါ့ဗျာ....
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Perfect You!

1 comments

Nov 5, 2009

All I ever wanted was to be part of your heart,
And for us to be together, to never be apart.

No one else in the world can even compare,
You're perfect and so is this love that we share.

We have so much more than I ever thought we would,
I love you more than I ever thought I could.

I promise to give you all I have to give,
I'll do anything for you as long as I live.

In your eyes I see our present, our future and past,
By the way you look at me I know we will last.

I hope that one day you'll come to realize,
How perfect you are when seen through my eyes


You are just perfect, perfect in my eyes and hearts.....

(25-5-07)
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှုတ်ဆက်စကား

0 comments
မြန်မာစံတော်ချိန် - ၁၀ နာရီ၊ ၂၄ မိနစ်၊ ၄၁ စက္ကန့်

အားလုံးသူငယ်ချင်းအပေါင်းအဖော် တို့ မင်္ဂလာပါ လို့ ဆုတောင်းလိုပါတယ်။
ဘလော့တစ်ခု ကို create လုပ်ရန်အတွက် အချိန်မကုန်ပါဘူး၊ လူလည်း မပင်ပန်းပါဘူး၊ အလုပ်လည်း မရှုတ်ပါဘူး။

ဒါပေမယ့် ဒီ ဘလော့ တစ်ခုကို တည်မြဲဖို့၊ အောင်မြင်ဖို့ ဆိုတာ.. အချိန်အား လူအား အများကြီး လိုအပ်ပါတယ်။

တတ်စွမ်းသလောက် ပါဝင်အားဖြည့်ပါမယ်လို့ ဂတိစကား လေးပြောကြားလိုက်ပါတယ်.....

ဘီအိုဒီ အဒွန့်ရှည်ပါစေ၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ ဆက်လက်လျောက်လှမ်း နိုင်ကြပါစေ။

ထာဝရဘီအိုဒီမန်ဘာ
ဝန၃၀
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မင်္ဂလာပါ

0 comments
မင်္ဂလာပါ ခင်မျာ
ကျွန်တော် ဖြူဖြူပါ။ ဒီ ဘလော့မှာ ဝင်ရောက် ရေးသားပါ့မယ် ရေးချင်ရာ အစုံရေးပါမယ် ဖတ်သူ အတွက် တခုခု ကျန်အောင် ကြိုးစားပါ့မယ်
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘီအိုဒီများ အားလုံး မင်္ဂလာပါ

0 comments
ကဲ ... စပြီ ..:D

အားလုံးပဲ မင်္ဂလာပါ ။ဘီအိုဒီ ( BOD)ဆိုတော့ အနည်းငယ်ထူးဆန်းတယ်ထင်မပေါ့ဗျာ ။Board of Directorလားဆိုပြီး လူကြီးမင်းထင်နေမှာပေါ့ .. နိုး နိုး မဟုတ်ပါဘူးခင်ဗျာ Board of Drinker ပါ ..။
အဲကျန်သေးတယ်နော် ဘီအိုဒီရဲ နောက်တွဲယဉ်များကတော့ BOE (Board of Eater)ပဲဖြစ်ပါတယ်။
ပျော်ပျော်ပါးပါးစလိုက်ပါပြီ ..။

ဘီအိုဒီ (part time) မန်ဘာလေး
နီမူး
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS